ပုံ – Nanyang နည်းပညာတက္ကသိုလ် ကျောင်းသားဆောင် ခန်းမများ၊ စင်ကာပူ၏ 3D BIM ပုံစံငယ်
ကိုးကားချက် (၁)၊ P & T Consultants PTE Ltd. ၏ ပြသမှု

အဆောက်အဦး အချက်အလက်ဆိုင်ရာ ပုံစံငယ်ပြုလုပ်ခြင်း (BIM) သည် ပုံစံငယ်ပြုလုပ်ခြင်း နည်းပညာတစ်ရပ် ဖြစ်၍ အဆောက်အဦး ပုံစံငယ်များကို ထုတ်လုပ်ခြင်း၊ အသိပေးဆက်သွယ်ခြင်းနှင့် ဆန်းစစ်လေ့လာခြင်း စသည်တို့ကို ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဖြစ်သည်။ BIM သည် ခေတ်မီဗိသုကာပုံစံ၊ စက်မှုပညာရပ်နှင့် ဆောက်လုပ်ရေး (AEC) တွင် လုပ်ငန်းဆောင်ရွက်သူများ အားလုံးအတွက် တန်ဖိုးမြင့်မားသည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။ BIM သည် ဆောက်လုပ်ရေးတွင် သမိုင်းတွင်သည့် စံနမူနာအခြေအနေ ပြောင်းလဲခြင်း၏ အစပြုနိဒါန်းဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များစွာမှ လက်ခံထားကြပါသည်။

အစဉ်အလာအားဖြင့် AEC လုပ်ငန်းစဉ်ကို ပိုင်းခြားထားပြီး 2D drawings ကို အသုံးပြုသောဆက်သွယ်ရေးအပေါ် မူတည်ပါသည်။ အဆိုပါ ဆက်သွယ်ရေးတွင် အဓိကအားဖြင့် အချက်အလက်ပေးပို့မှု နည်းပါးခြင်းကြောင်း မျှော်မှန်းမထားသော ငွေကြေးကုန်ကျမှုများနှင့် အချိန်နှောင့်နှေးမှုများကြောင့် အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်စေသော အမှားအယွင်းများနှင့် ချန်လှပ်ထားမှုများ စသည့်အချက်များကြောင့် ချွတ်ယွင်းချက်များစွာ ရှိပါသည်။ ထို့ပြင် အပူစွမ်းအင် ဖယ်ရှားသည့် ဝန်ကို တွက်ချက်ခြင်း (cooling load calculations)၊ BQ စရိတ်ခန့်မှန်းချက်များ၊ MEP ပေါင်းစည်းမှု စသည် ကဲ့သို့သော 2D အသုံးပြု ဆက်သွယ်ရေးမှ အလားအလာရှိသော ဒီဇိုင်းတစ်ခုကို အကဲဖြတ်သည့် အချက်အလက်များ ထုတ်ပေးရန် အချိန်နှင့် ကုန်ကျစရိတ်များစွာ လိုအပ်ပါသည်။ CFD မှတဆင့် လေစီးကြောင်း အကဲဖြတ်ခြင်း စသည့် ခေတ်မှီ စိစစ်တွေ့ရှိချက်များကို ကြိုးပမ်းချိန်တွင် အခြေအနေကို ပိုမိုဆိုးရွားစေပါသည်။ ဒီဇိုင်းတွင် အရေးကြီးသည့် အပြောင်းအလဲများ ပြုလုပ်ရန် အလွန်နောက်ကျနေပြီဖြစ်သောအခါ ထိုစိစစ်တွေ့ရှိချက်များသည် အများအားဖြင့် နောက်ဆုံး ဖြစ်တတ်သောကြောင့် မူရင်းဒီဇိုင်းတွင် အလျော့အတင်းပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်ရန် မကြာခဏ ပြုလုပ်ရတတ်သည်။ ဤချွတ်ယွင်းချက်များ ရှိခြင်းနှင့် ခေတ်မှီ AEC လုပ်ငန်း အသွားအလာ၏ အဓိကကျသည့် အပိုင်းတစ်ပိုင်းအနေဖြင့် BIM နည်းပညာ တည်ရှိခြင်းသည် ပိုမို၍ တွန်းအားပေးပါသည်။

Figure 2: A diagram representing an AEC project team and the typical organizational boundaries. Reference: [1]

ပုံ – AEC စီမံချက်အဖွဲ့နှင့် အဖွဲ့အစည်းဆိုင်ရာ နယ်နိမိတ်များကို ကိုယ်စားပြုသော ကားချပ်။ ကိုးကားချက် (၁)

Design/ Engineer Organization – ဒီဇိုင်း/အင်ဂျင်နီယာအဖွဲ့အစည်း
Architect Designer/ Structural Engineer – ဗိသုကာဒီဇိုင်းပညာရှင်/ တည်ဆောက်မှုဆိုင်ရာ အင်ဂျင်နီယာ
Construction Manager – ဆောက်လုပ်ရေးမန်နေဂျာ
Owner Organization – ပိုင်ရှင်အဖွဲ့အစည်း
Owner – ပိုင်ရှင်
Facility Users – အထောက်အပံ့ အသုံးပြုသူများ
Facility Managers – ထောက်ပံ့ရေး မန်နေဂျားများ
Scheduler – အစီအစဉ်ရေးဆွဲသူ
Estimator – ခန့်မှန်းတွက်ချက်သူ
Building Organization – အဆောက်အဦးအဖွဲ့အစည်း
Contractor – ကန်ထရိုက်တာ
Subcontractor – တဆင့်ခံကန်ထရိုက်တာ
Fabricator – ဖန်တီးထုတ်လုပ်သူ
Manufacturer Supplier – အထောက်အပံ့ပေးသူ
Subcontractor Organizations – တဆင့်ခံကန်ထရိုက်တာအဖွဲ့အစည်းများ
Outside Organizations (not typically part of AEC team, but sometimes participants in meetings)
ပြင်ပအဖွဲ့အစည်းများ (AEC အဖွဲ့မဟုတ်သော်လည်း တစ်ခါတရံ အစည်းအဝေးများတွင် တက်ရောက်သူများ)
Community – အဖွဲ့အစည်း
Insurer – အာမခံကုမ္ပဏီ
Financial – ဘဏ္ဍာရေး
Government Agencies – အစိုးရဌာနများ

BIM ၏ အဓိကတည်ထောင်သူ တစ်ဦးသည် Georgia Institute of Technology (Georgia နည်းပညာတက္ကသိုလ်) ၏ Dr. Charles Eastman ဖြစ်သည်။ သူသည် ဤနယ်ပယ်တွင် ရှေ့ပြေးဆောင်ရွက်သူ တစ်ဦးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းတွင် ဤဘာသာရပ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သူ ဖြစ်သည်။ ထိုအချိန်ကတည်းမှ Processing power တွင် တိုးတက်လာခြင်းနှင့်အတူ ပုံစံငယ်၏ ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်မှု စွမ်းရည် (parametric modeling)၊ စံနှုန်းအချက်အလက်များ (data standards) နှင့် အချက်အလက်များ လဲလှယ်နိုင်သည့် စွမ်းရည်စနစ် (data interoperability) (အများစုသည် BIM တည်ထောင်သူများမှ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။) တို့သည် ယနေ့တွင် BIM ပလက်ဖောင်းများကို ပြည့်စုံအသုံးဝင်သည့် စနစ်များ ဖြစ်လာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ BIM နည်းပညာနှင့်အတူ ဒီဇိုင်း၏ အဆင့်အသီးသီးကို ပံ့ပိုးပေးသော အဆောက်အဦးတစ်ခု၏ တိကျမှန်ကန်သည့် ပုံစံငယ်များကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် တည်ဆောက်ပါသည်။ တည်ဆောက်ရေးတစ်လျှောက်လုံး ဆောင်ရွက်ချက်အားလုံးကို ပံ့ပိုးရန် လိုအပ်သည့် ဂျီဩမေတြီနှင့် အချက်အလက်များကို ထိုကွန်ပျူတာပုံစံငယ်များက ထိန်းသိမ်းပေးထားသည်။

BIM ၏ အကြီးမားဆုံး အကျိုးကျေးဇူးများမှ အောက်ပါအတိုင်း ဖြစ်သည်။

  • လုပ်ငန်းဆောင်ရွက်သူများ (ပိုင်ရှင်များ၊ ဒီဇိုင်းပညာရှင်များ၊ အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ တဆင့်ခံ ကန်ထရိုက်တာများ၊ ဗိသုကာပညာရှင်များ) အားလုံးအတွက် အသားတင် ကုန်ကျစရိတ်များနှင့် ဘေးအန္တရာယ်များ ပိုမိုလျော့ကျခြင်း။
  • ဒီဇိုင်းပညာရှင်မှ ပိုမိုတိကျစွာ အကဲဖြတ်တွက်ချက်နိုင်ရန် အသေးစိတ်ကျသည့် ပုံစံတစ်ခု မထုတ်ပေးမီတွင် ပုံ/ကားချပ်ဖြင့် သရုပ်ဖော်ထားသည့် ပုံစံတစ်ခု တည်ဆောက်ခြင်း။
  • အချက်အလက်များအား အလွယ်တကူ ပြန်လည်ထုတ်ယူနိုင်ခြင်းကြောင့် ထုတ်လုပ်မှု တိုးတက်ခြင်း။
  • ဆောက်လုပ်ရေး မှတ်တမ်းများအား ညှိနှိုင်းဆောင်ရွက်ရာတွင် တိုးတက်ခြင်း။
  • ဆောက်လုပ်သည့် အချိန် လျှော့ချပေးခြင်းနှင့် အစီအစဉ် ပြောင်းလဲမှုများ မရှိစေဘဲ တည်ဆောက်ရေးတွင် ညှိနှိုင်းဆောင်ရွက်ခြင်း။
  • မည်သည့်အချိန်တွင်မဆို တစ်သမတ်တည်းဖြစ်ပြီး တိကျသေချာသော 2D drawings များကို ထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်။
  • စီမံချက် ပြီးမြောက်မှုနှုန်း တိုးတက်လာခြင်း။

ခန့်မှန်းတွက်ချက်မှုနှင့် ဈေးပြိုင်ကမ်းလှမ်းမှုများ (ပိုမိုမြန်ဆန်စွာ BQ ထုတ်ပေးခြင်း) အတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းနှင့် ကုန်ကျစရိတ်များ ကဲ့သို့သော အရေးကြီးသည့် အချက်အလက်များကို သတ်မှတ်ပေးခြင်းနှင့် ချိတ်ဆက်ပေးခြင်း။

ပုံ – အဆောက်အဦးတစ်ခု၏ စက်ဝန်းအပေါ် BIM အသုံးပြုသည့် လုပ်ငန်းစဉ်များနှင့် ရေးဆွဲမှုများအကြား အရည်အချင်း အချက်အလက် နှိုင်းယှဉ်မှု။ ကိုးကားချက် (၁)

Value of facility documentation – ထောက်ပံ့မှု အထောက်အထား တန်ဖိုး
Feasibility – ဖြစ်နိုင်ခြေ
Loss of value due to handover, recreation of information – လွှဲပြောင်းခြင်း၊ အချက်အလက် ပြန်လည်ဖန်တီးမှုကြောင့် တန်ဖိုးဆုံးရှုံးခြင်း။
Design – ဒီဇိုင်း
Collaborative BIM-based delivery process – BIM အသုံးပြုသည့် ဆောင်ရွက်မှုလုပ်ငန်းစဉ်
Construction – ဆောက်လုပ်မှု
Traditional design-bid-build, paper-based process – အစဉ်အလာအတိုင်း ဒီဇိုင်း တင်ဒါခေါ်ယူခြင်း၊ စာရွက်အသုံးပြု လုပ်ငန်းစဉ်
Facility Startup – တည်ဆောက်ရေး စတင်ဆောင်ရွက်မှု
Setup of facility management database – တည်ဆောက်ရေး စီမံခန့်ခွဲမှု ဒေတာဘေ့စ်အား တည်ဆောက်ခြင်း
Operations – လုပ်ငန်းဆောင်ရွက်မှုများ
Integration of FM with back-office systems – တိုက်ရိုက်ထိတွေ့ခြင်းမရှိသော စနစ်များ (back-office systems) ဖြင့် FM အား ပေါင်းစပ်ခြင်း
Traditional facility management database process အစဉ်အလာအတိုင်း တည်ဆောက်ရေး စီမံခန့်ခွဲမှု ဒေတာဘေ့စ် လုပ်ငန်းစဉ်
Facility Retrofit – အထောက်အပံ့ အသစ်ထပ်ထည့်သောစနစ်
Update of FM database – FM database အား update ပြုလုပ်ခြင်း
Use of “as-built” drawings for retrofit – အသစ်ထပ်ထည့်သောစနစ်အတွက် ကန်ထရိုက်တာမှ ပြန်လည်ပြင်ဆင်ထားသည့် drawing (“as-built” drawing) အား အသုံးပြုခြင်း
1-5 Years – ၁နှစ်မှ ၅နှစ်
Design and Construction – ဒီဇိုင်းနှင့် တည်ဆောက်ခြင်း
20 Plus Years – နှစ် ၂ဝ အထက်
Operations – လုပ်ငန်းဆောင်ရွက်ခြင်း
Facility Lifecycle – တည်ဆောက်မှုအဆင့်ဆင့်
Slope of line communicates effort to produce and maintain information – မျဉ်းစောင်းများသည် အချက်အလက်များ ထုတ်ပေးခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ကြိုးအားထုတ်မှုများကို အသိပေးပါသည်။

BIM ဖန်တီးပေးသော ပူးပေါင်းဆောင်ရွက်ပြီး ပွင့်လင်းသည့် လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသည့် ဘေးကင်းလုံခြုံမှုနှင့် ပြဿနာရပ်များ စသည့် အခက်အခဲအချို့ကို BIM ဆောင်ရွက်ခြင်းတွင် မျှော်မှန်းနိုင်ပါသည်။ BIM သို့ ကူးပြောင်းသည့်အချိန်တွင် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ခြင်းနှင့် လေ့ကျင့်ရာတွင် အခက်အခဲများမှာ ထည့်သွင်းစဉ်းစားရမည့် ပြဿနာရပ်များဖြစ်သည်။ သို့သော် စာရေးသူ၏ အမြင်တွင် BIM သည် ချွတ်ယွင်းချက်များထက် အကျိုးကျေးဇူးများစွာကို ပိုမိုယူဆောင်လာပေးသော နမူနာပုံစံပြောင်းလဲခြင်း နည်းပညာတစ်ခုဟု မြင်ပါသည်။ ယခင်က အဆောက်အဦး ဆောက်လုပ်ခြင်း ခင်းကျင်းပြသမှုများတွင် ထူးခြားသည့် အပြောင်းအလဲကို မြင်တွေ့ရသည်မှာ ကျွန်ုပ်တို့ ကံကောင်းပါသည်။

ပုံ ယခင်က 3D ပုံစံငယ်နှင့် ပတ်သက်သည့် blog post တစ်ခုတွင် ဖော်ပြခဲ့သည့် Winter ACMV ရှိ BIM ပုံစံငယ်တစ်ခု

ကိုးကားစာရင်းများ

[1]C. Eastman, P. Teicholz, R. Sacks and G. Lee, BIM Handbook – A Guide to Building Information Modeling for Owners, Designers, Engineers, Contractors, and Facility Managers, 3rd ed. Hoboken: John Wiley & Sons, 2018.

[2]S. Kubba, Handbook of Green Building Design and Construction, 2nd Edition. Butterworth-Heinemann, 2016.

[3]”Digital Building Laboratory | Digital Building Lab”, Dbl.gatech.edu, 2019. [Online]. Available: https://dbl.gatech.edu/. [Accessed: 30- Jul- 2019].

Shwe Myat Myo Oo (ရွှေမြတ်မျိုးဦး)

Shwe Myat Myo Oo (ရွှေမြတ်မျိုးဦး)

Lead Engineer, Technical Development Division

B.S. 2016, Mechanical Engineering
Georgia Institute of Technology
Associate Member ASHRAE
Member ASME

Share This

Share This

Share this post with your friends!